အခြေနေအရပ်ရပ်ကြောင့် Englishစာနဲ့ Computerကို သင်တန်းနဲ့ကျကျနန မသင်ခဲ့ရပေမယ့် နည်းပညာတတိယလှိုင်းမှာ တစ်ဒေါင့်တစ်နေရာမှ ပါဝင်ကူးခပ်ခွင့်ပေးခဲ့ကြသော၊ နည်းပညာဝေမျှပေးခဲ့ကြသော Online & Offlineမှ နည်းပညာညီအစ်ကိုမောင်နှမ အပေါင်းတို့အား ဒီနေရာမှနေ၍ ဦးညွှတ်ဂါရ၀ပြုလိုက်ရပါကြောင်း...... < အင်တာစက်ကြီး >

ကျွန်ုပ်မြိုင်အင်တာစက်ကြီးနှင့် That's Why You Go Away -Song

တစ်နေ့သ၌ ကျွန်ုပ်မြိုင်အင်တာစက်ကြီးသည် တပည့်ကျော်ကွန်စုတ်လေးကိုခေါ်ကာ(ကွန် is Computer) လက်စွဲတော် 6လုံးပြူးကိုထမ်းလျှက်(6လုံးပြူး is Google) အင်တာမြိုင်တောနက်ကြီးထဲသို့ စော်ရကော်ငေါ်ရကန်းရန်...အဲဟုတ်ပါဘူး....မှားသွားလို့...အဟတ် အဟတ်--- ITဟင်းလေးကြီး နောက်လိုက်ရန် ထွတ်ခဲ့ခြေတော့ သည်တမုံ့။
(မှတ်ချတ်။ ။ITဟင်းလေးကြီးဆိုရာဝယ် Iဆိုသည်မှာ ရေအိုင်ဖြစ်၍၊ Tဆိုသည်မှာ တီကောင်ဟု အဓိပ္ပါယ်ရပါသည်။ခြုံငုံ၍ မြန်မာမှုပြုရသော် အိုင်ထဲမှ တီကောင်ဟု အဓိပ္ပါယ်ရပါသည်။ ဟင်းလေးကြီး ဆိုသည်မှာကား ဘုန်းကြီးကျောင်းမှ ဟင်းပေါင်းကိုပြောသည်မဟုတ်၊ ကျွန်ုပ်၏ဆရာ Mr.တွတ်ပီ၏ အဖိုး၊ ထိုအဖိုး၏ ဘကြီး၊ ထိုဘကြီး၏တူ၊ ထိုဘကြီးတူ၏မြေး ၊ ကျွန်ုပ်၏ဆရာ Mr.တွတ်ပီကိုယ်တိုင်....
ဟွင်းရှုပ်နေတာပဲ နောက်ဆုံးတော့ဒါပဲပြန်ရောက်တဲ့ဟာကို ဘာမှန်းလည်းသိဘူး....
(ကျွန်ုပ်ပြောခြင်းမဟုတ်ပါ)
ကျွန်ုပ်၏ဘေးတွင် ကျွန်ုပ်၏သမိုင်းဝင်ကျမ်းစာကို ဂရုတစိုက်စောင့်ကြည့်နေသော.(လစ်ရင်အချိန်နဲ့ပြန် ရောင်းမလို့) ကျွန်ုပ်၏ ချစ်လှစွာသော မဒီကညာလေး အင်တာသက်မွန်ပုလဲ ရှိနေသည်ကို သတိချပ်သင့်ပေသည်)..:) ..မယုံရင်ပုံပြင်မှတ်...အဟတ်
အဲ...ဘယ်ရောက်သွားပြီလဲ...အဲ..ဟို..ဟာ..ဟင်း....အင်းသိပြီသိပြီ..
ကျွန်ုပ်၏ဆရာ Mr.တွတ်ပီကိုယ်တိုင် နောက်ဆုံးရေးသားခဲ့သော ကမ္ဘာဦး"မိတ်လိုက်"ကျမ်းထဲတွင်..(ညစ်ပတ်တယ်လို့ မပြောနဲ့နော် " Maked lifes" ကို ပြောတာ) :) ..ဟင်းလေးကြီးဆိုသည်မှာ မုဆိုး တို့၏ ဝေါဟာရအရ ကြက်ကိုခေါ်ကြောင်း အဲ....ဟုတ်ပါဘူး..ကျား ကိုခေါ်ကြောင်း အတိအလင်း ပါရှိ ပေသည်။)
ဟူး....မောလိုက်တာ...ဟိုဝေ့ ဒီဝေ့နဲ့ မဖတ်ဒါပဲကောင်းတယ် ..
အနှီသူကား အခြားမဟုတ် ဗေလုဝဗလ နှင့် ကျော်ထူးနှာခေါင်း၊ ကိုဧရာ၏ခေါင်းတည်းဟူသော အင်္ဂါ သုံးရပ်နှင့်ပြည့်စုံသော ရုပ်ဆင်းရူပကာရှိသူ လူမိုက်ကြီးဂေါ်မစွံAccept Define ပင်ဖြစ်ခြေတော့ သည်။:)
ဤသို့ဖြင့် ကျွန်ုပ်မြိုင်အင်တာစက်ကြီး အင်တာမြိုင်တောကြီးအတွင်းလှည့်လည်စဉ် MTLR ရဲ့
သီးချင်း ဟောင်းလေးတစ်ပုဒ် အမှတ်မထင်ကြားလိုက်မိခြေသည်။ ထိုသောခဏ ကျွန်ုပ်၏ခြေလှမ်းအစုံတို့သည် တုန့်ခနဲ ရပ်တန့်သွားကာ(မရပ်လို့လည်းမရဘူးလေ ရှေ့မှာက အီအီး ပုံကြီးဟာကို...ဟီး)
သီချင်းတို့သည် ရင်ဘက်ကြီးထဲသို့ တရစပ်စီးဆင်းလာစဉ် ကျွန်ုပ်မြိုင်အင်တာစက်ကြီး၏ မျက်ဝန်းအစုံမှ ဂျပိုးဥတို့သည် ...အဲ..အဲ...ဟုတ်ပါဘူး..ပုလဲဥတို့သည်..(ဟွမ့် ..မြင်ရောမြင်ဘူးလို့ လား မသိဘူး)
တစ်သွင်သွင်စီးကျလေ...ဟေ...ဟေ.........ပြီ.........ရွှလွတ်..

ကဲကဲအားလုံးပဲ ခွင့်လွှတ်ကြပါ ဒီသီချင်းလေးပြောဖို့အရေး လေကျောရှည်လိုက်တာနဲ့ အချိန်တွေ တောင်တော်တော် လင့်နေပြီ...(တော်ကြာ အင်တာသက်မွန်ပုလဲလေးက ရွှေစိတ်တော် ညှိုးနေရော့မယ်) ကျန် တာကတော့ ကိုယ့်ဘာသာဆက်ဖက်ပြီး ခံစားကြပေတော့..(သပိတ်ပိုက်၍ ဆွမ်းခံခိုင်းသည်မဟုတ် သတိချပ်ပါလေ).........ဒန်..ဒန့်...


That's Why You Go Away


Baby won't you tell me why there is sadness in your eyes. I don't wanna say goodbye to you. Love is one big illusion I should try to forget but there is something left in my head.

You're the one who set it up now you're the one to make it stop.I'm the one who's feeling lost right now. Now you want me to forget every little thing you said but there is something left in my head.

I won't forget the way you're kissing. The feeling's so strong were lasting for so long But I'm not the man your heart is missing. That's why you go away I know.

You were never satisfied no matter how I tried now you wanna say goodbye to meLove is one big illusion I should try to forget but there is something left in my head.

I won't forget the way you're kissing. The feeling's so strong were lasting for so long But I'm not the man your heart is missing.That's why you go away i know

Sitting here all alone in the middle of nowhere. Don't know which way to go. There ain't so much to say now between us .There ain't so much for you. There aint't so much for me anymore.............

0 comments:

Post a Comment